Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထားဝယ်မြို့နယ် ဌာနပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်က နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


08 May,2024

ထားဝယ် မေ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်း အဝေးကို တိုင်းဒေသကြီးသမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်း အဝေးသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့မှ အသင်းသား များ၊ ကျန်ဌာနပေါင်းစုံ(၁၈)ခုမှ အသင်းသားများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသင်းမှ အသင်းသား ၂၃၆ ဦးအား စုဆောင်းငွေပေါ်အတိုးငွေကျပ် ၁၃၄၈၇၆၅၅၊ အစုပေါ်အမြတ်ငွေကျပ် ၇၉၄၈၆၀ ၊ အသင်းသားများ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ထောက်ပံ့ငွေကျပ် ၄၀၉၆၀၀၀ ထုတ်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm